အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသ၌ SM-6 နှင့် တိုမာဟော့ဒုံးပစ်လောင်ချာများ ဖြန့်ကြက်ချထားမည်

 

အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသ၌ SM-6 နှင့် တိုမာဟော့ဒုံးပစ်လောင်ချာများ ဖြန့်ကြက်ချထားမည်

အမေရိကန်အနေဖြင့် မြင့်တက်လာသော ခြိမ်းခြောက်မှုများကို   ကိုင်တွယ်ဖြေရှင်းနိုင်ရန်SM-6 နှင့် တိုမာဟော့ဒုံးပစ်လောင်ချာများကို အင်ဒို-ပစိဖိတ်ဒေသ၌ ဖြန့်ကြက်ချထားသွားမည်ဖြစ်ကြောင်း ပစိဖိတ်ဒေသ    ကြည်းတပ်တပ်မှူးကြီးက ပြောသည်။

အမေရိကန် ကြည်းတပ်အနေဖြင့် တာဝေး ပစ်တိကျလက်နက်များကို ထုတ်လုပ်ထားနိုင်ပြီဖြစ်ကြောင်း၊  အဆိုပါ ပစ်လွှတ်စနစ်အသစ်ဖြင့် ပစ်လွှတ်နိုင်မည့်ဒုံးကျည်များတွင် SM-6 နှင့် တိုမာဟော့ဒုံးကျည်များ ပါဝင်ကြောင်း    အမေရိကန်ဗိုလ်ချုပ်ကြီး ချားစဖလင်းက တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေစဉ် ပြောသည်။

ထိုကဲ့သို့ထုတ်ဖော်ပြောဆိုမှုသည် ယခုနှစ် အတွင်း ဒေသတွင်း၌ဖြန့်ကြက်ချထားမည့် လက်နက်စနစ်များကို  ပထမဆုံးအကြိမ် အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

SM-6 ဒုံးကျည်သည် အကွာအဝေးကီလိုမီတာ ၂၄၀ အထိ  ပျံသန်းနိုင်ကာ အမြင့်ပျံဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရန်   ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။

တိုမာဟော့ဒုံးကျည်မှာမူ  ကီလိုမီတာ ၂၅၀၀ အကွာအဝေးရှိပစ်မှတ်ကို  ထိမှန်အောင် ပစ်ခတ်နိုင်စေမည့် အနိမ့်ပျံဒုံးကျည် အမျိုးအစားဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက  ပြီးခဲ့သည့် သီတင်းပတ်တွင် အသံနှုန်းလွန်တာလတ်ပစ် အမြင့်ပျံဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်မှုလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လက်ရှိ တွင်မြောက်ကိုရီးယား၏ ဒုံးကျည်အားလုံးမှာ လောင်စာခဲအသုံးပြုသည့်အပြင် နျူကလီးယားထိပ်ဖူးကို တပ်ဆင်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အသံနှုန်းလွန်ဒုံးကျည်ဆိုသည်မှာ အသံ၏အမြန်နှုန်းထက် ၅ ဆမြန်သည့်နှုန်းဖြင့် ပျံသန်းနိုင်သောကြောင့်  လက်ရှိကမ္ဘာပေါ်တွင် အသုံးပြုနေသော လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့်    ကြားဖြတ်နိုင်ခြင်း မရှိသည့်အပြင်    ပျံသန်းမှုလမ်းကြောင်းကို ပြောင်းလဲနိုင်ကာ အနိမ့်ပိုင်းတွင်လည်း   ပျံသန်းနိုင်ကြောင်း    သိရသည်။

Ref: Yonhap