အီရန်နှင့် မည်သည့် အခြေအနေမျိုးအတွက်မဆို အစ္စရေးက အသင့်ရှိ

 

အီရန်နှင့် မည်သည့် အခြေအနေမျိုးအတွက်မဆို အစ္စရေးက အသင့်ရှိ

အီရန်နှင့်ဖြစ်ပွားလာနိုင်သော မည်သည့်အခြေအနေမျိုးအတွက်မဆို အစ္စရေးကအသင့်ရှိကြောင်း  အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဧပြီလ ၇ ရက်တွင်ပြောသည်။

ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က စစ်ဘက်အရာရှိကြီးများ၊ ထောက်လှမ်းရေးတာဝန်ရှိသူများနှင့် စစ်ဆင်ရေး အခြေအနေ သုံးသပ်ချက် အစည်းအဝေးတွင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

အစ္စရေးအစိုးရသည် ယခုသီတင်းပတ်တွင် စစ်ဘက်ကို အမြင့်ဆုံးအဆင့်တပ်လှန့်မှု လုပ်ဆောင်ထားပြီး တိုက်ပွဲဝင် တပ်ဖွဲ့များကိုလည်း    ခွင့်သွားခွင့်ခေတ္တရပ်ဆိုင်းကာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း အမြင့်ဆုံး အဆင့်အသင့် ပြင်ဆင်ထားသည်။

ဆီးရီးယားနိုင်ငံရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတို့ကတိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်ထိပ်တန်း အရာရှိကြီးအချို့ သေဆုံးသွားပြီးနောက် အီရန်နှင့်အစ္စရေးတို့ကြား စစ်ဖြစ်မည့်အလားအလာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သံတမန်အဆောက်အအုံအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မကြုံဖူးသည့်ဖြစ်စဉ်အဖြစ် သတ်မှတ်ကြောင်းနှင့် ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်း တာဝန်ရှိသူများက ပြောသည်။

အီရန်အနေဖြင့် ၎င်းတို့ပြောထားသည့်အတိုင်း    လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အစ္စရေးနှင့်ရွက်ကုန် ဖွင့်စစ်ပွဲဖြစ်ပွားမည်ကို   အမေရိကန်က စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ အီရန်နိုင်ငံသည် အစ္စရေးအပေါ်    လာမည့် သီတင်းပတ်အတွင်း တိုက်ခိုက်နိုင်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုးကား၍ အမေရိကန် သတင်းဌာနများက ဖော်ပြထားသည်။

ဟားမတ်၊ ဟစ်ဇဘိုလာနှင့် အခြားသော ပါလက်စတိုင်းဘက်လိုက်စစ်သွေးကြွများကို အီရန်နိုင်ငံက ထောက်ပံ့ပေးထားခြင်း ဖြစ်သည်ဟု  အစ္စရေးကစွပ်စွဲမှုများ လုပ်ထားကြောင်း သိရသည်။             

Ref: RT