ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ ၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ  ၆ ရက် ည ၆  နာရီ ၁၀ မိနစ်တွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျော်မျိုးထက်မောင်းနှင်ပြီး ကျော်လေးလိုက်ပါလာသည့်    HYUNDAI   STAREX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုကိုလည်းကောင်း၊ ထိုနေ့ နံနက်  ၉ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ညွန့်ဝင်းကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၁၀ မိနစ်တွင် အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခိုင်းသူ သိန်းဝင်းကို  ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။