တောင်ကိုရီးယားက ဒုတိယမြောက်ပြည်တွင်း ဖြစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်

 

တောင်ကိုရီးယားက ဒုတိယမြောက်ပြည်တွင်း ဖြစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်

တောင်ကိုရီးယားက   ဒုတိယမြောက် ပြည်တွင်းဖြစ် ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင် လိုက်ကြောင်း ဒေသတွင်းသတင်းဌာနများက    ဧပြီလ ၈ ရက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံထုတ် ထောက်လှမ်းရေးဂြိုဟ်တုကို  Falcon 9 ဒုံးပျံက ကနေဒီအာကာသစင်တာမှနေ၍   သယ်ဆောင်သွားခြင်း ဖြစ်သည်။

တောင်ကိုရီးယားစံတော်ချိန် နံနက် ၈ နာရီ ၁၇ မိနစ်တွင်  ထွက်ခွာသွားသော အဆိုပါ ဒုံးပျံသည် ၄၅ မိနစ်ခန့်အကြာတွင် ထောက်လှမ်းရေးဂြိုဟ်တုကို အာကာသအတွင်းသို့ အောင်မြင်စွာ နေရာချထားလိုက် နိုင်သည်ဟု သတင်းဌာန၏ဖော်ပြချက်တွင် တွေ့ရသည်။

ထို့နောက် အဆိုပါ ထောက်လှမ်းရေး ဂြိုဟ်တုသည် မြေပြင်ရှိ ပင်မအာကာသထိန်းချုပ်ရေးစခန်းနှင့် နံနက်  ၁၀ နာရီ ၅၇ မိနစ်တွင်   အဆက်အသွယ်ရရှိကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသည် မြောက် ကိုရီးယားနိုင်ငံ၏လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အရောက်တွင် ပြည်တွင်းဖြစ် ထောက်လှမ်းရေးဂြိုဟ်တုငါးလုံးအထိ လွှတ်တင်သွားနိုင်ရန် ရည်မှန်း ထားသည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ ပြည်တွင်းဖြစ် ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ကာ စစ်ရေးစွမ်းရည်ကို မြှင့်တင်လိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် တောင်ကိုရီးယားနိုင်ငံက    ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

                    Ref: Sputnik