မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဧပြီ ၉

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက ဧပြီလ ၈ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ မြင်းခြံမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဧပြီလ ၈ ရက်နေ့တွင် အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ ရသာကျေးရွာအနီးသို့ရောက်ရှိစဉ်တွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက လက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သည့်အတွက် အပြန် အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါသည်။ ထို့နောက် လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များ၏ ထိရောက်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးခဲ့ပြီး ၎င်းတို့ ဆုတ်ခွာထွက်ပြေးရာလမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ထွက်ပြေး သွားခဲ့သည့်အတွက် ရသာကျေးရွာရှိနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရ ကြောင်းနှင့် အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အကြမ်းဖက်သမားများသည် မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင် အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများအပြင် ဒေသခံပြည်သူများအား ဖမ်းဆီး နှိပ်စက်နေသည့်အတွက် အကြမ်းဖက်လုပ်ရပ်များကို လက်ခံခြင်းမရှိသည့် ဒေသခံများ မှလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တရားမဝင် ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိပါသည်။