ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ   ၉

    နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI))တို့ ပူးပေါင်းစီစဉ်၍  ယနေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ နှင့် MHM  ဆိပ်ကမ်းမှ MV. MCL- 7  သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တို့ကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။

    ထို့ပြင် AWPT 1  ဆိပ်ကမ်းမှ  MV. CONTRIVIA  သင်္ဘောသည် ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေ ကုန်ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့ လည်းကောင်း၊   AWPT 3 ဆိပ်ကမ်းမှ MV. ISEACO FORUTNE သင်္ဘောသည် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်း၊ နှမ်း၊ ရော်ဘာနှင့် အထွေထွေ ကုန်ပစ္စည်းများကို မလေးရှားနိုင်ငံသို့ လည်းကောင်း   တင်ဆောင်ပြီး ထွက်ခွာမည်ဖြစ်သည်။

အလားတူ ဧပြီ ၁၀ ရက်တွင် SPW 6  ဆိပ်ကမ်းမှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON 4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ MIP 2  ဆိပ်ကမ်းမှ MV. SEIYO HARMONYသင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ ကို အိန္ဒိယနိုင်ငံ သို့ လည်းကောင်း၊ MHM  ဆိပ်ကမ်းမှ MV. MCL 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ ကို ထိုင်းနိုင်ငံသို့  လည်းကောင်း၊ ဧပြီလ ၁၅ ရက်တွင်လည်းYIGT ဆိပ်ကမ်းမှ MV. DDS MARINA သင်္ဘောဖြင့်    ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀ ကို ထိုင်းနိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။