နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား အနုပညာရှင်များ ရန်ကုန်မြို့သို့ ရောက်ရှိ

 

နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား အနုပညာရှင်များ ရန်ကုန်မြို့သို့ ရောက်ရှိ

 

နေပြည်တော်  ဧပြီ   ၉

    ၁၃၈၅ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင်  ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနု ပညာရှင်များ ပထမအဖွဲ့သည် ယနေ့ညပိုင်း တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

အဆိုပါကိုရီးယား K-pop  အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ရုပ်သံဇာတ်လမ်းတွဲ ပေါင်းများစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် တစ်ဦးဖြစ်သော ဘတ်အွန်းဟီး၊ K-pop အဆိုတော်များဖြစ်သည့် Rejen? Henny နှင့် 7 Kids Doll Group? Astel Dance Group  နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပြီး ယနေ့ညပိုင်း က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ  တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အတူ နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်) မှ ကိုရီးယားဘာသာစကား သင်ယူနေကြ သည့် ကျောင်းသား၊ ကျောင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍လည်းကောင်း၊ အနုပညာရှင်များ၏  ဓာတ်ပုံနှင့် အမည် စာတန်းများ ကိုင်ဆောင်၍လည်းကောင်း၊ ရန်ကုန်အနုပညာ အထက်တန်းကျောင်း (ပန်တျာကျောင်း)မှ အိုးစည်/ဒိုးပတ်အဖွဲ့ ဖြင့်လည်းကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ သမ္မတ ဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ပြီး ဧပြီလ ၁၀ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop  အနုပညာရှင်ငါးဦးပါ အဖွဲ့သည် ဧပြီလ ၁၁ ရက် တွင် လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီလ ၁၄ ရက်တွင်လည်းကောင်း အသီးသီး ထပ်မံရောက်ရှိကြမည် ဖြစ်ကြောင်းနှင့် ဧပြီလ ၁၂ ရက်ညတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တင်ဆက်မည့်    Friday Night Live Show  တွင်လည်း  ကိုရီးယားနာမည်ကျော် တေးသံရှင်များ  ပါဝင်ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။