တူကီယဲက အစ္စရေးအပေါ် ကုန်သွယ်ရေးစစ်ပွဲစတင်

 

တူကီယဲက အစ္စရေးအပေါ် ကုန်သွယ်ရေးစစ်ပွဲစတင်

တူကီယဲနိုင်ငံက အစ္စရေးအပေါ် ပို့ကုန် ကန့်သတ်ချက်များ ချမှတ်ခြင်းအားဖြင့် ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်ပြီဖြစ်  ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဧပြီ  လ ၉ ရက်တွင်ထုတ်ပြန်သည်။

တူကီယဲနိုင်ငံသည် အစ္စရေးက  ဂါဇာ အပေါ်လုပ်ဆောင်နေသည့်စစ်ဆင်ရေးနှင့် ပတ်သက်၍ လက်တုံ့ပြန်သည့် အနေဖြင့် ပို့ကုန် ၅၄ မျိုးကို ပို့ကုန်ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် စတင်ဖြစ်ပွားသော အစ္စရေး-ဟားမတ်စစ်ပွဲနှင့် ပတ်သက်၍  တူကီယဲအစိုးရက  အစ္စရေးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

အစ္စရေးအစိုးရက တူကီယဲအစိုးရ၏ ထောက်ပံ့ရေး ပစ္စည်းများကို  ဂါဇာသို့ ဝင်ရောက်ခွင့် မပြုလိုက်ခြင်းအပေါ် တူကီယဲက ယခုကဲ့သို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

အစ္စရေးအပေါ်တင်ပို့မှုကန့်သတ်လိုက် သည့်ကုန်ပစ္စည်းများတွင် အလူမီနီယံ၊ ကြေးနီ၊ သံမဏိ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်သုံးပစ္စည်းနှင့်  ဓာတုပစ္စည်း အများအပြားပါဝင်ကြောင်း တူကီယဲ ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထို့ပြင်  တူကီယဲနိုင်ငံသည်  စစ်ရေးရည်မှန်းချက်များအတွက် အသုံးပြုနိုင်စေမည့် ကုန်ပစ္စည်းများကို အစ္စရေး နိုင်ငံသို့ တင်ပို့မှုရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။                  

      Ref: RT