ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲ အလုံခရိုင်အမျိုးသား၊ အမျိုးသမီးအသင်းဗိုလ်စွဲ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲ အလုံခရိုင်အမျိုးသား၊ အမျိုးသမီးအသင်းဗိုလ်စွဲ

ရန်ကုန်  ဧပြီ   ၉

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ၁၄ ခရိုင်အမျိုးသား၊ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း  မိုးလုံလေလုံခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ကြည့်ရှုအားပေးသည်။ 

ဗိုလ်လုပွဲပြိုင်ပွဲ၌ အမျိုးသားပြိုင်ပွဲတွင် အလုံခရိုင်အသင်းက တွံတေးခရိုင်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင်  အလုံခရိုင်အသင်းက တွံတေးခရိုင်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း 

အသီးသီးအနိုင်ရရှိသွားသည်။ ပြိုင်ပွဲများ အပြီးဆုပေးပွဲကိုကျင်းပရာ   အမျိုးသား၊ အမျိုးသမီး  အတိုးတက်ဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် ဒုတိယဆုရ၊တတိယဆုရခရိုင်အသင်းတို့အား မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်    ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ကြသည်။

ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမျိုးသားပြိုင်ပွဲတွင် ပထမဆုရ အလုံခရိုင်အသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ အလုံခရိုင် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်သည်။

ယင်းပြိုင်ပွဲကို ဧပြီလ ၃ ရက်မှ ယနေ့အထိ ကျင်းပခဲ့ပြီး အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်း၊ ကစားသမား ၃၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                   

 ဝန်းရံခ