မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်   ဧပြီ   ၉

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက် နံနက်  ၉  နာရီတွင်   မြဝတီမြို့  အမှတ်(၄)ရပ်ကွက်   မေတ္တာ(၂)လမ်းတွင်    မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဝင်း(ခ)ရှောင်ကျား  အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၀၀၁ ကီလို ကိုလည်းကောင်း၊ ကွင်းဆက်အရ နံနက်  ၁၁ နာရီတွင်  မြဝတီမြို့ အမှတ်(၄)ရပ်ကွက်   သမာဓိလမ်းရှိ ရှုံရံတယ် (ခ) အားဝူ၏ နေအိမ်ကို  ဝင်ရောက်ရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၁၉၇ ကီလို၊ ဘိန်းဆီခဲ ၁ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၅၅၀ ကိုလည်းကောင်း၊ အလားတူ ဧပြီလ ၈ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု   တာပီးကျေးရွာရှိ    မအားကိင့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက် နံနက် ၁၁ နာရီတွင် လားရှိုးမြို့နယ်     မယ်ဟန်ကျေးရွာအုပ်စု မယ်ဟန်ကျေးရွာအနီးတွင် TOYOTA  WISH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁  ဒသမ ၀၅  ကီလိုကိုလည်းကောင်း   ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ   အရေးယူ ထားကြောင်း  သိရသည်။