တူကီယဲစူပါဖလား ဗိုလ်လုပွဲမှ ဖြစ်ရပ်ကြောင့် တူကီယဲနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဖီနာဘာချီအသင်းတို့ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ

 

တူကီယဲစူပါဖလား ဗိုလ်လုပွဲမှ ဖြစ်ရပ်ကြောင့် တူကီယဲနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဖီနာဘာချီအသင်းတို့ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ

တူကီယဲစူပါဖလားပြိုင်ပွဲ  ဗိုလ်လုပွဲအဖြစ်ကစား သည့်ပွဲမှဖြစ်ရပ်ကြောင့်    တူကီယဲနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့်  ဖီနာဘာချီအသင်းတို့ ကြားတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

ဖီနာဘာချီအသင်းသည်  မတ်လ  ၁၈ ရက်က တူကီယဲစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၀)အဖြစ် ကစားသည့်  ထရန်ဇွန်စပေါလ် အသင်းနှင့်ပွဲစဉ်တွင်    အိမ်ရှင်ထရန်ဇွန်စပေါလ် အသင်းပရိသတ်များက ကွင်းအတွင်း သို့ ဝင်ရောက်ကာ ဖီနာဘာချီ အသင်းကစားသမားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဖီနာဘာချီအသင်း ကစားသမားများကလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ သည့်အတွက် တူကီယဲနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထရန်ဇွန်စပေါလ် အသင်းကို အရေးယူမှုမပြုလုပ်ဘဲ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ဖီနာဘာချီအသင်း မှကစားသမားများကိုသာ  အရေးယူမှုပြုလုပ်သည့်အတွက် တူကီယဲနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  ဖီနာ ဘာချီအသင်းတို့ကြား  တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဖီနာဘာချီအသင်းဘုတ် အဖွဲ့ဝင်တချို့က တူကီယဲ နိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ကျေနပ်မှုမရှိသည့်အတွက် တူကီယဲစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ရန် ပြင်ဆင်ခဲ့သော်လည်း   ဘုတ်အဖွဲ့ဝင်တချို့က   ကန့်ကွက်ခဲ့သည့် အတွက်  တူကီယဲစူပါလိဂ်ပြိုင်ပွဲတွင်   ဆက်လက်ကစားခဲ့ခြင်း ဖြစ်သည်။

ဖီနာဘာချီအသင်းသည် ဧပြီလ ၁၈ ရက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုလံ ပီယာကို့စ် အသင်းနှင့်  ကစားရန်ရှိနေသည့်အတွက် တူကီယဲစူပါဖလားဗိုလ်လုပွဲကို     ရွှေ့ဆိုင်းပေးရန် တောင်းဆို ခဲ့သော်လည်း တူကီယဲနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပြီး သတ်မှတ်ရက်အတိုင်းသာ ကျင်းပရန်ဆုံးဖြတ် ခဲ့သည့်အတွက်  ဖီနာဘာချီအသင်းက ကျေနပ်မှုမရှိသောကြောင့် တူကီယဲစူပါဖလားဗိုလ်လုပွဲတွင်  ယူ-၁၉  အသင်းနှင့်သာ ယှဉ်ပြိုင်စေခဲ့ပြီး    ပွဲအစ တစ်မိနစ်အကြာတွင် ကစားသမားများ ကွင်း အတွင်းမှထွက်ခွာပြီး  ဆက်လက်ကစားတော့ခြင်း မရှိသည့်အတွက်    တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။             

Ref;Goal.com