ကြိမ်၊ ဝါး အခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

 

ကြိမ်၊ ဝါး အခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ပဲခူး  ဧပြီ  ၉

 

ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ  ကြီးမှူးဖွင့်လှစ်သည့်  ကြိမ်၊  ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ပဲခူးမြို့ သီရိဟံသာခန်းမ၌  ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းပြည်သာယာဝပြောရေး၊  စားရေရိက္ခာဖူလုံရေးနှင့် တိုင်းရင်းသား ပြည်သူများ၏    လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင်  တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSMEs စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်မြှင့်တင်ရေး အဓိကကျပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေးနှင့် ဒေသထွက်ကုန်များ ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးတို့ကို    အဓိကထား ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက်ဟန်ချက်ညီညီ   ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရရှိစေရေး၊  တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းမှတစ်ဆင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်ရရှိစေရေးတို့အတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ၊ များအနေဖြင့် သင်ကြားရရှိခဲ့သည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို ကိုယ်တိုင်ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုတို့ဖြင့်  ပေါင်းစပ်၍ မိမိတို့၏ထုတ်ကုန်များကို   ဒေသတွင်းသာမက   ပြည်ပသို့တင်ပို့နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊  သင်တန်းသူများကိုယ်စား  သင်တန်းသူတစ်ဦးအား   သင်တန်းဆင်းလက်မှတ်များ   ချီးမြှင့်ပေးအပ်ခဲ့သည်။

၎င်းင်းနောက်  သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊     သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းတွင် သင်ကြားခဲ့သည့် လက်မှုကြိမ်၊  ဝါးထည်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကြိမ်၊ ဝါး အခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒိုက်ဦးမြို့နယ်တွင်   ပထမဆုံးဖွင့်လှစ် ပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ပဲခူးမြို့တွင် မတ်လ ၂၆ ရက်မှ ဧပြီလ ၈ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်   ပဲခူးမြို့  ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ  ပဲခူးမြို့နယ်စာဖြေဌာနရှိ  ပထမကြီးတန်းဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော် ၁၈၂ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း  သိရသည်။              

  (၄၀၁)၊ တင်စိုး(ပဲခူး)