ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်များ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူ ပစ္စည်းများ စတင်ထုတ်ပေး

 

ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်များ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူ ပစ္စည်းများ စတင်ထုတ်ပေး

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်  ကျောက်ဆည်မြို့နယ်၌  ၂၀၂၄- ၂၀၂၅   ပညာသင်နှစ်တွင်   ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းသုံးဗလာစာအုပ်များ၊     ပုံနှိပ်စာအုပ်များနှင့်  သင်ထောက်ကူပစ္စည်းများ အခမဲ့ပံ့ပိုးပေးနိုင်ရေး ဧပြီလ ၉ ရက်တွင် ကျောက်ဆည်မြို့နယ် ပညာရေးမှူးရုံး၌   စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်း များထုတ်ပေးရာတွင်   ကျောက်ဆည်မြို့ နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊   ဆရာမကြီးများအား   ၂၀၂၄-၂၀၂၅   ပညာသင်နှစ်တွင်  KG  မှ  Grade-12 အထိ  ပညာသင်ယူမည့်    ကျောင်းသား၊  ကျောင်းသူအရေအတွက်နှင့်အညီ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ ထုတ်ပေးလျက်ရှိသည်။

ထို့ပြင် Grade-2   မှ   Grade-4  ကျောင်းသား၊     ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ဖြစ်သည့်   ရုပ်ကတ်၊ A-4 စာရွက်၊ စည်းဝါးအစုံ၊ နာရီ အကြီး၊ အသေး၊  အလီဇယား၊   Square Paper?  Dot Paper ၊ အတွဲ(၁) ကာယ ဗီနိုင်း၊ အတွဲ(၂) ကာယဗီနိုင်းများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်း ၁၈၆ ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း  ၁၈  ကျောင်း ရှိကြောင်း သိရသည်။