တွံတေးမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ နွေရာသီ အခြေခံပုံ ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ ကျင်းပ

 

တွံတေးမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ နွေရာသီ အခြေခံပုံ ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး  တွံတေးခရိုင် တွံတေးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန် အတွင်း အသိပညာဗဟုသုတ ရရှိစေရန်နှင့် အခြေခံပုံ ရေးဆွဲနည်းများကို တတ်မြောက်ပြီး  ကျောင်းစာတွင်  အသုံးချတတ်စေရန် ရည်ရွယ်၍ ဧပြီလ ၈ ရက်က  မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ  လူထုအခြေပြု ဗဟိုဌာန (Community  Centre)  ၌  နွေရာသီ  အခြေခံပုံရေးဆွဲနည်း သင်တန်း ဖွင့်ပွဲ ကျင်းပသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို   ပြောကြားပြီး သင်တန်းနည်းပြ ဦးဝင်းထွဋ်က ကျောင်းသား၊ ကျောင်းသူများအား အခြေခံ  ပုံရေးဆွဲနည်းပညာ၊ မျဉ်းဖြောင့်၊ မျဉ်းကွေး ၏ သဘောသဘာဝများ၊ အခြေခံပုံရေးဆွဲ ရာတွင် လိုက်နာရမည့် အချက်များကိုပြောကြားကာ ပုံရေးဆွဲနည်းကို သင်ကြားပေး သည်။

ယင်းသင်တန်းသို့ သင်တန်းသား၊ သင် တန်းသူ  ၁၈  ဦး  တက်ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီလ ၈ ရက်မှ ၁၂  ရက် အထိ  နေ့စဉ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။