ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ရှိ နယ်မြေခံတပ်နယ် ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက် ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန် ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်း ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများသည် တပ်ဆင်ပေးအပ်လက်နက်များအား လိုက်လံကြည့်ရှုကြပြီး တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။