စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာနှစ်သစ်ကူး မိတ်ဆုံစားပွဲကျင်းပ

 

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏  မြန်မာနှစ်သစ်ကူး မိတ်ဆုံစားပွဲကျင်းပ

 

နေပြည်တော်  ဧပြီ  ၁၀

    စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော  ဝန်ထမ်းမိသားစု အချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီညွတ် မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင် ကောင်းမွန်၍ အချင်းချင်း  ရိုင်းပင်းကူညီတတ်စေရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်း တာဝန်များကို ပြည့်ဝစွာအကောင်အထည် ဖော်နိုင်စေရန် ရည်ရွယ်၍ စွမ်းအင်ဝန်ကြီး ဌာနရှိ ဝန်ထမ်းမိသားစုများ၏ မြန်မာနှစ်သစ် ကူးမိတ်ဆုံစားပွဲကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရတနာခန်းမ ၌ကျင်းပသည်။

    အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်အတူ  လက်ရည်တစ်ပြင်တည်း နေ့လယ်စာ သုံးဆောင်ကာ  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။