၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် တစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် တစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့

 

ရန်ကုန်  ဧပြီ  ၁၁

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်    တစ်နှစ်တာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် တစ်သောင်း နီးပါးတင်ပို့နိုင်ခဲ့ကြောင်း    ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၁၃၇ ဒသမ ၁၈၁ တန်တင်ပို့ပြီး  အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၇၄  သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ     မက်ထရစ်တန် ၈၄၁ ဒသမ ၆၇၃ တန် တင်ပို့ပြီး အမေရိကန် ဒေါ်လာ  ၄  ဒသမ   ၄၄၅   သန်းရရှိသည့်အတွက်   ပြည်ပသို့   ပုစွန်တင်ပို့မှု စုစုပေါင်း မက်ထရစ်တန်  ၉၉၇၈ ဒသမ ၈၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁၈၅ သန်း ရရှိကြောင်း  သိရသည်။

မြန်မာနိုင်ငံမှ   ရေထွက်ကုန်များကို တရုတ်၊  ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊   ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့  တင်ပို့ လျက်ရှိပြီး   ရန်ကုန်မြို့မှတစ်ဆင့်   ပုံမှန် တင်ပို့သည့်အပြင် နယ်စပ်မှလည်း   တိုက် ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။