ပူတာအိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ဟောပြောပွဲ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

 

ပူတာအိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ဟောပြောပွဲ စာဖတ်စွမ်းရည်နှင့်  ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

 

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအို မြို့ရှိ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ဧပြီလ ၁၀ ရက်က  ကျောင်းသား၊ ကျောင်းသူများ     အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နှုတ်မှုစွမ်းရည်များ မြင့်မားလာစေ ရန်ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီး မှူး   ဒေါ်ခင်သူဇာက  လမြတ်တန်ခူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀  ဦးက  ဆရာဇော်ဂျီ၏ကဗျာများဖြစ် သည့် သင်္ကြန်မိုး၊ သင်္ကြန်လက်ဆောင်၊ သင်္ကြန်အခါ၊ အတာသင်္ကြန် ခေါင်းစဉ်များဖြင့် လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က ဧပြီလ ၈ ရက်ထုတ် ကြေးမုံ သတင်းစာပါ အယ်ဒီတာ့အာဘော်မှ ၁၂ လရာသီကူး သာယာကြည်နူးနှစ်သစ်ဦး ခေါင်းစဉ်ဖြင့် လည်းကောင်း   ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အကဲဖြတ် အမှတ်ပေးဒိုင်များက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့် ကြပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ   ခင်းကျင်းပြသထားသည့် အေးချမ်းသာယာ ပြည်မြန်မာ ဓာတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးနှင့်ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင် များကို ကြည့်ရှုလေ့လာ ကြကြောင်း သိရသည်။