ပျဉ်းမနားမြို့ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်း ဆောင်ရွက် ထားရှိမှုအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

 

ပျဉ်းမနားမြို့ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်း ဆောင်ရွက် ထားရှိမှုအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၁၁

    နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။

ဦးစွာနေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်မြောက်ဘက် ဗိုလ်တောက်ထိန် လမ်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လျှောက်လမ်းဘေးနှင့် ပန်းခုံများကြား မြေကွက်လပ်တွင် အလှမြက်ခင်းများ စိုက်ပျိုးရန်နှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း ရေလယ်ဘုရား ကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းတွင် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသော   မြန်မာမှုလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်    ဆောင်ရွက်ရန် မှာကြားသည်။ 

ထို့နောက်   ကန်တော်မင်္ဂလာရှမ်းကန် တောင်ဘက်တွင် ကျောက်ထိုင်ခုံများ နေရာချထားမှု၊ သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊   ကန်ပတ်လည်တွင် ရာသီမရွေး ပွင့်လန်းစေပြီး ရနံ့မွှေးပျံ့သည့် အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး    ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်ကို အမြဲမပြတ်သန့်ရှင်းစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်အညီ ကျူးကျော်များ မရှိစေရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှု ရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ မှာကြားကာ   ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။