CHID Bank တွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများ အောင်မြင့်မိုရ်အိမ်ရာ အခန်းကို အတိုးနှုန်း သက်သာသော နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်

 

CHID Bank တွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများ အောင်မြင့်မိုရ်အိမ်ရာ အခန်းကို အတိုးနှုန်း သက်သာသော နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်

 

ရန်ကုန် ဧပြီ ၁၁

CHID Bank ၏ အိမ်ရာစုဆောင်း ငွေစာရင်း (Housing Savings Account)တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ပမာဏ ပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက    ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာရှိ ၁၀၄ ခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါဘဏ်က အသိပေးထားသည်။

ထိုသို့ဝယ်ယူရန်အတွက်    မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏  “ DUHDSale  Housing “  Facebook  Page Messengerတွင် အဆိုပြု စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အသိပေးကြေညာ

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေစာရင်းတွင် သတ်မှတ်ပမာဏပြည့်မီစွာ စုဆောင်းထားရှိသူများအား ပြည့်မီသည့်ရက်စွဲအလိုက် တန်းစီဇယားအမှတ်စဉ် ( Seniority List) ကို   “DUHD  Sale Housing Facebook”Page တွင်    ပူးတွဲဖော်ပြထားကာ ရောင်းချမည့်အိမ်ရာ၏  အချက်အလက်များနှင့် စာရင်းပေးသွင်းရမည့် အစီအစဉ်ကိုလည်း အဆိုပါ Facebook Page တွင် ဖော်ပြထားသည်။   အခန်းဝယ်ယူလိုကြောင်း  အဆိုပြုစာရင်း ပေးသွင်းပြီးပါက တန်းစီဇယား အမှတ်စဉ်အလိုက် ဝယ်ယူခွင့်ရရှိသူများ၏ စာရင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း    သိရသည်။

ယင်းသို့ စာရင်းပေးသွင်းရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၇၅၂၇၊ ၀၉-၇၉၅၈၂၄၇၂၂ နှင့် CHID Bank ၏ ဖုန်း ၀၁- ၈၃၇၀၁၂၄၊ ၀၁-၈၃၇၀၁၂၅ နှင့် Call Center  ဖုန်း ၀၉-၄၀၁၀၁၀၈၁၀၊ ၀၉-၄၀၁၀၁၀၈၂၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။