ယန်း ၁၀ သန်းခန့်တန်ဖိုးရှိ ရွှေပန်းကန်လုံးအား လူတစ်ဦးက တိုကျိုဈေးဝယ်စင်တာမှခိုးယူ

 

ယန်း ၁၀ သန်းခန့်တန်ဖိုးရှိ ရွှေပန်းကန်လုံးအား လူတစ်ဦးက တိုကျိုဈေးဝယ်စင်တာမှခိုးယူ

 

ဂျပန်ယန်းငွေ ၁၀ သန်းခန့် (ဒေါ်လာ ၆၅၀၀၀ ခန့်) တန်ဖိုးရှိသည့် ရွှေပန်းကန်လုံး တစ်လုံးအား လူတစ်ဦးက တိုကျိုမြို့ရှိ ဈေးဝယ် စင်တာတစ်ခုမှ ခိုးယူသွားခဲ့ကြောင်း ကျိုဒို သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါ ရွှေပန်းကန်လုံးကို   တိုကျိုမြို့ရှိ နီဟွန်ဘာရှီ တာကာရှီမာယာ ဈေးဝယ်စင်တာ တွင် ပြသထားခြင်း ဖြစ်ပြီး ယင်းပန်းကန်လုံး ပျောက်ဆုံးနေခြင်းကို    ဝန်ထမ်းတစ်ဦးက မွန်းလွဲချိန်တွင်  သတိထားမိခဲ့ပြီးနောက် ရဲတပ်ဖွဲ့အား သတင်းပေးတိုင်ကြားခြင်းဖြစ် သည်။ မြို့တော်ရဲတပ်ဖွဲ့သည် နောက်ပိုင်းတွင် စီစီတီဗွီတွင် ဖမ်းယူရိုက်ကူးနိုင်ခဲ့သည့် အမျိုးသားတစ်ဦးအား လိုက်လံရှာဖွေလျက် ရှိသည်။

စီစီတီဗွီပေါ်တွင် ရိုက်ကူးနိုင်ခဲ့သည့် အမျိုးသားမှာ အသက်၂၀ ကျော်မှ ၃၀ ကျော်အရွယ် ရှိသူဖြစ်ပြီး   ရွှေပန်းကန်လုံးအား   ၎င်း၏ ကျောပိုးအိတ် အတွင်းသို့ ဒေသစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်   ထည့်သွင်း၍ ယူဆောင်သွားခြင်းဖြစ်သည်။  ရွှေပန်းကန်လုံး အားယူဆောင်သွားသူမှာ မျက်မှန်တပ်ဆင် ထားသူဖြစ်ကြောင်း သိရသည်။

Ref: Xinhua