ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် လီဗာပူးအသင်း တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်

 

ပီအက်စ်ဂျီအသင်းက လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် လီဗာပူးအသင်း တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်

 

    ပီအက်စ်ဂျီအသင်းက  လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်   လီဗာပူးအသင်း တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် လူးဝစ်ဒီယက်ဇ်သည် ၂၀၂၂ ခုနှစ်က  ပေါ်တိုအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး လီဗာပူးအအသင်း၌ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သော်လည်း လီဗာပူး အသင်းက   ပြောင်းရွှေ့ကြေး အသုံးစရိတ်အတွက် အသင်းမှ ကစားသမားတချို့ကို ရောင်းချရန်ပြင်ဆင်နေပြီး ရောင်းချမည့် ကစားသမားစာရင်းတွင် လူးဝစ်ဒီယက်ဇ် ပါဝင်နေခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် ဆာလက်ချ်၊ နူနက်စ်၊ ဂျိုတာ၊ ဂက်စ်ပို စသည့်ကစားသမားများ ရှိနေသောကြောင့်   လူးဝစ်ဒီယက်ဇ်ကို ရောင်းချရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းက ယခုဘောလုံးရာသီ အကုန်တွင်  အသင်းမှ အဓိကတိုက်စစ် ကစားသမားတစ်ဦး ဖြစ်သော အမ်ဘတ်ပီကို  လက်လွှတ်ရမည်ဖြစ်သည့်အတွက်  လက်ရှိအချိန်ကတည်းက   အစားထိုးရန် ကစားသမားရှာဖွေမှုများ ပြုလုပ်နေပြီး   အစောပိုင်းက မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စီစဉ်နေသော်လည်း မန်ယူအသင်းက ရောင်းချရန် အစီအစဉ်မရှိသောကြောင့် လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးနေခြင်းဖြစ်သည်။

လီဗာပူးအသင်းက လူးဝစ်ဒီယက်ဇ်ကို သင့်လျော်သော ပြောင်းရွှေ့ကြေး ရရှိပါက     ရောင်းချမည်ဟု ကြေညာထားသည့်အတွက် ပီအက်စ်ဂျီအသင်းတာဝန် ရှိသူများက လက်ရှိတွင် လူးဝစ်ဒီယက်ဇ်၏ အေးဂျင့်ဖြစ်သူနှင့် စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိပါက လီဗာပူးအသင်းနှင့် ထပ်မံဆွေးနွေးမည်ဖြစ်သည်။

လူးဝစ်ဒီယက်ဇ်သည် ယခုဘောလုံးရာသီတွင်  အသင်းနှင့် ပြိုင်ပွဲစုံ ၄၂ ပွဲပါဝင်ကစားထားပြီး ၁၃ဂိုး သွင်းယူထားကြောင်း သိရသည်။