AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးပြီး ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင် ဈေး

 

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးပြီး ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင် ဈေးဆိုင်များ မီးလောင်ပျက်စီးမှုများဖြစ်ပွား၊ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံး ခဲ့ပြီး ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာ နှင့် ဦးလှဖေကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဗုံးသီး ၁၅ လုံးထက် မနည်းကျရောက် ပေါက်ကွဲ ခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၀၀ ကျော်ခန့်မှလည်း ကျေးရွာများ အတွင်းသို့ ဝင်ရောက်၍  လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့မှု ကြောင့် ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီး ခဲ့ရကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းအဖွဲ့က ဘင်္ဂါလီကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင် မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိသည်။