PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ လက်လုပ် မိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ  ထုတ်ပြန်

 

PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ လက်လုပ် မိုင်းထောင်ဖောက်ခွဲခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ  ထုတ်ပြန်

 

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၄ ရက်

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက်ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်း ဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

    ယခုကဲ့သို့ မြန်မာ့ရိုးရာအတာသင်္ကြန်ရေသဘင်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲလျက် ရှိသည့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်လုပ် မိုင်းများ ဖောက်ခွဲခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ် ဖြစ်သည့် အတွက်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည် ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ ပိန္နဲကုန်းရခိုင် ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေး အသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။