ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

 

  ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

    မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သည့် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၇၁ လမ်း၊ ၂၇ လမ်းထောင့်နှင့် ၇၁ လမ်း၊ ၂၈ လမ်းထောင့်ရှိ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်၏ အနောက်ဘက်ရှိမော်တော်ဆိုင်ကယ်ရပ်နားဆောင်အတွင်း ရပ်ထားသည့် ဆိုင်ကယ်  ရှိ အိတ်ဇောအတွင်းမှ   PDF အမည်ခံ အကြမ်းဖက်သမားများက ထောင်ထားသည့်  လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့မှုကြောင့် အေးချမ်းပျော်ရွှင်စွာ ရေကစားနေသည့်  အပြစ်မဲ့ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)က လုံးဝ လက်မခံပါကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါ သည်။

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)