မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်

သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်

     မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အကျနေ့ဖြစ်သည့် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၇၁ လမ်း၊ ၂၇ လမ်း ထောင့်နှင့် ၇၁ လမ်း၊ ၂၈ လမ်းထောင့်ရှိ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်၏ ဆိုင်ကယ် ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၂ လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့်  အေးချမ်းပျော်ရွှင်စွာ ရေကစားနေသည့်  အပြစ်မဲ့ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

    ယခုကဲ့သို့  PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် သည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်