မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး
အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း
သဘောထားထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်
မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှိ ဆိုင်ကယ်ရပ်နားဆောင်၌ အကြမ်းဖက်သမားများက လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဝမ်းနည်းဖွယ် သိရှိရပါသည်။
ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်အား မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး