မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏

သဘောထားထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်

 

          မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်း ယနေ့မဟာသင်္ကြန် အကျနေ့တွင်  မန္တလေးမြို့ မြို့တော်စည်ပင်သာယာရေးရုံးဝင်းအနီး ဆိုင်ကယ်အပ်နှံရာ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရရှိခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုံ့ချပါကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)