အကြမ်းဖက်​သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ  ထုတ်ပြန်

အကြမ်းဖက်​သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ  ထုတ်ပြန်

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၅ ရက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂  ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ဘုန်းတော်ကြီးကျောင်း၊ ပြည်သူ့ဆေးရုံနှင့် လူနေရပ်ကွက်များအတွင်းသို့ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ် ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာ ရေးဗဟိုအဖွဲ့ချုပ်၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာ များအဖွဲ့ချုပ်၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်း အရုံး၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ ပိန္နဲကုန်းရခိုင် ဂျာမေဗလီနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။