ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

  ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ရိုးရာမပျက် နိုင်ငံတစ်ဝှမ်းတွင် စည်ကားသိုက်မြိုက်စွာ  ကျင်းပ ပြုလုပ်လျက်ရှိသည်ကို မနာလိုမရှုဆိတ်ဖြစ်၍ ဧပြီ ၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဘုရား သားတော်များ သီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးကျောင်း၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံနှင့်အများ ပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့် အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဆေးရုံဝန်ထမ်းအချို့၊ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများနှင့် ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်သူများ စုစုပေါင်း ၁၂ ဦး  ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့  ထူးခြားလေးနက်သော အခါသမယတွင် အကြမ်းဖက်သမားများ အနေဖြင့် အရုပ်ဆိုး အကျည်းတန်သော အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာ လုပ်ဆောင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)က လုံးဝ လက်မခံပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)