ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)   သဘောထားထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)   သဘောထားထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄  ရက်တွင်  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အတွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး  ပြည်သူ ၂ ဦး သေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေသော ကလေးငယ်များနှင့် အပြစ်မဲ့ပြည်သူများ ဒုံးသီးစထိမှန် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ကြားသိရှိရသဖြင့် များစွာ စိတ်မကောင်း ဖြစ်ရသည်။

ယခုကဲ့သို့  ပြည်သူများအပေါ်  အရုပ်ဆိုးအကျည်းတန်သော  အကြမ်းဖက် လုပ်ရပ်များ  လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါ ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

 

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့