တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ
နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
မဟာသင်္ကြန်အကြတ်နေ့တွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များ နှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေကြရာ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်/မိသားစုများနှင့်အတူ ကြည့်ရှုအား ပေးပြီး အတာရေသဘင်ပွဲတော်ကို အတူတကွဆင်နွဲကြပြီး သီဆိုကပြဖျော်ဖြေကြ သည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း အိမ်ထောင်သည် လိုင်းများအနီးရှိ စိန်ပန်းမိသားစုရေကစားမဏ္ဍပ်နှင့်  မန်ကျည်းရိပ်မိသားစု  ရေကစား မဏ္ဍပ်တို့၌လည်း ရေပက်ခံသူများ၊‌ ရေပက်ကစားသူများဖြင့် အထူးစည်ကား လျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များ က တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ် များတွင် စတုဒီသာများ ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ် အသီးသီးတို့၌ ယိမ်းအက အဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေ သဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှု များကို သွားရောက်ကြည့်ရှု အားပေးပြီး ပါဝင်ဆင်နွှဲကြသည်။
၎င်းအပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေး မြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ  သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊  တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင် များက သွားရောက်၍ အတာသင်္ကြန်ယိမ်းအက အဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက်သင်္ကြန် တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အထင်ကရနေရာများ၌ လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စားသောက်ဆိုင်များ၊ ဒေသထွက်ကုန် ရောင်းချနေသော ဈေးဆိုင်များဖွင့်လှစ်ထား ရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။
    ၎င်းအပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။