မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏သဘောထားထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်

အကြမ်းဖက်သမားများက ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ပျော်ရွှင်စွာ ဆင်နွှဲနေ သည်ကို မနာလိုမရှုဆိတ်၍ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ် အေးချမ်း မှု ပျက်ပြားစေရန် ရည်ရွယ်၍ ဧပြီလ ၁၄ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများနှင့် ရပ်ကွက်အတွင်း အေးချမ်းစွာနေထိုင်နေသော ပြည်သူ ၂ ဦးသေဆုံး၍ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချပါကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ သဘောထား ထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)