တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရားပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အပန်းဖြေနေရာများ၌ ကောင်းမှုကုသိုလ်ယူကြသူများ၊ အပန်းဖြေကြ သူများဖြင့် စည်ကားလျက်ရှိ

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရားပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အပန်းဖြေနေရာများ၌ ကောင်းမှုကုသိုလ်ယူကြသူများ၊ အပန်းဖြေကြ သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၇

ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိသည့် အချိန်အခါကာလတွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးအနေဖြင့် ပျော်ရွှင်ဖွယ်၊ မင်္ဂလာရှိဖွယ် ရက်မြတ်ကာလအဖြစ် သတ်မှတ်ထားကြကာ ကောင်း သော အမှုများကို ဆောင်ရွက်ကြ၍ နှစ်သစ်ကို ကြိုဆိုဖြတ်သန်းကြလေ့ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရားပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သီလယူကြသူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တို့အပါအဝင် ဘုရား၊ စေတီများ၊  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တို့အပါအဝင် တန်ခိုးကြီးဘုရား စေတီများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရှိ ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ မန္တလေးမြို့ရှိ ဦးပိန်တံတား၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် အပန်းဖြေ နေရာများ၌လည်း လာရောက် အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သတင်းရရှိသည်။