AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံး၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၁၈

AA အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့်  နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသော အခါသမယ၌ ပြည်သူများ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဇီဝိတဒါန ပြုလုပ်ပြီး ကုသိုလ်ယူနေချိန်တွင် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီး များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် အမှတ်(၂)ရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးနှင့် မသက်ဆိုင်သော လူနေ မြို့/ရွာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇ ဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန် တကယ်တွင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရသည်အထိ ဆင်ခြေတုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်ဖြစ်ပြီး အဆိုပါ လုပ်ရပ်အပေါ် ဝိုင်းဝန်းဆန့်ကျင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မြို့ရွာများ အမြန်ဆုံး  တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။