ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းဝင်း နန္ဒာအောင်မြေကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ(Ph.D) ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းရာ မင်္ဂလာအခါ၌ နှစ

 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းဝင်း နန္ဒာအောင်မြေကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ(Ph.D)

၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းရာ မင်္ဂလာအခါ၌ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

 

သာသနဿ စ လောကဿ၊ ဝုဎီု ဘဝတုသဗ္ဗဒါ။ သာသနမ္ပိစ လောကဉ္စ၊ ဒေဝါရက္ခန္တု သဗ္ဗဒသဒ္ဓိံဟောန္တု သုခီသဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

၁။ သာသနဿ စ လောကဿ - ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည်၊

၂။ ဝုဎီု ဘဝတုသဗ္ဗဒါ - ကောင်းသော တိုးတက်ကြီးပွား ချမ်းသာခြင်းနှင့် အခါခပ်သိမ်းဖြစ်ကြပါစေ။

၃။  သာသနမ္ပိစ လောကဉ္စစ၊ ဒေဝါရက္ခန္တု သဗ္ဗဒါ - သမ္မာဒေဝနတ်ကောင်း နတ်မြတ် နတ်အပေါင်းတို့သည်  ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား  သတ္တဝါအပေါင်းတို့အား နေ့ရော ညဉ့်ပါ အခါခပ်သိမ်းအမြဲမပြတ် စောင့်ရှောက်နိုင်ကြပါစေ။

၄။ သဒ္ဓိံဟောန္တု သုခီသဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော - အလုံးစုံသော  တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်းတို့သည် မိမိတို့၏အခြွေအရံများတို့နှင့် အတူတကွ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။

၅။  အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ - အလုံးစုံသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်းတို့သည် ဆွေမျိုးသားချင်းတို့နှင့် အတူတကွ ဆင်းရဲဒုက္ခမရှိကြ၍  နှစ်သက်ရွှင်လန်း စိတ်ချမ်းသာခြင်းနှင့် စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း  ဟူ၍ နှစ်သစ်ကာလ အခါသမယ၌  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ နှစ်သစ်ပတ္တရာ ဆုတောင်းလွှာ ပြုလိုက်ပါသည်။