မိုးကောင်းမြို့နယ်တွင် Ammonium Nitrate များ ဖမ်းဆီးရမိ

 

မိုးကောင်းမြို့နယ်တွင် Ammonium Nitrate များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၁၈

    ဧပြီလ ၁၅ ရက် ၀၆၀၀ ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ် တောင်နီကျေးရွာ အုပ်စုတောင်နီကျေးရွာ အနီးတွင် ကိုလတ်(ခ) လတ်လတ်၊ မင်းသိန်း၊ နေလင်းအောင် (ခ)ကိုနေနှင့် ဝေယံစိုးတို့အား YANG   FOND  အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  ယာဉ်ပေါ်မှ ထိန်းချုပ် ဓာတုပစ္စည်း   Ammonium Nitrate  ၁၆၀၀၀  ကီလို  သိမ်းဆည်း ရမိခဲ့သဖြင့် ကိုလတ်(ခ)လတ်လတ်(၄၂)နှစ်၊ မင်းသိန်း(၄၃)နှစ်၊ နေလင်းအောင်(ခ)ကိုနေ(၃၆)နှစ်နှင့် ဝေယံစိုး(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သတင်း ရရှိသည်။