KNU/KNLA(PC) ၊ KKO နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၃

KNU/KNLA(PC) ၊ KKO နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် တပ်နယ်ရိပ်သာ၌ ပြုလုပ်ရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်သီဟနှင့် အဖွဲ့ဝင်များ၊ KNU/KNLA(PC) ၊ KKO နှင့် နယ်ခြားစောင့်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယတိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် KNU/KNLA(PC) ၊ KKO နှင့် နယ်ခြားစောင့်တပ်ဖွဲ့များအတွက် တစ်ဖွဲ့လျှင် Surgical Mask ၁၀၀၀ ခု၊ Hand Gel ၅၀ ဘူး၊ လက်ဆေးဆပ်ပြာရည် ၁၅ ဘူး၊ ရွှေဖီဦး လက်ဖက်ရည်ထုပ် ၁ ဖာစီတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။