ပြင်သစ်သံအမှုထမ်းသုံးဦးကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန်  ဘာကီနာဖာဆို တောင်းဆို

 

ပြင်သစ်သံအမှုထမ်းသုံးဦးကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန်  ဘာကီနာဖာဆို တောင်းဆို

 

    နိုင်ငံအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ပြင်သစ်နိုင်ငံသား သံအမှုထမ်းသုံးဦးကို    နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဘာကီနာဖာဆို နိုင်ငံခြားရေး ဝန်ကြီးဌာနက  ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ပြင်သစ်သံအမှုထမ်းများအား    နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ဘာကီနာဖာဆို အစိုးရက နိုင်ငံအတွင်းရှိ ပြင်သစ်သံရုံးသို့ စာဖြင့် ရေးသား၍ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။   အဆိုပါ သံအမှုထမ်းများအနေဖြင့် ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွားရမည် ဖြစ်ကြောင်း   သိရသည်။

ဘာကီနာဖာဆိုအစိုးရသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်ကလည်း     ပြင်သစ်နိုင်ငံသား လေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အားလုံးမှာ ထောက်လှမ်းရေးအဖွဲ့ ဝင်များဖြစ်သည်ဟု ဘာကီနာဖာဆို အစိုးရက စွပ်စွဲခဲ့သည်။ သို့သော်လည်း ဖမ်းဆီးခံရသည့် ပြင်သစ်နိုင်ငံသားများမှာ အိုင်တီနည်းပညာရှင်များသာ ဖြစ်ကြောင်း  ပြင်သစ်သံရုံးမှ တာဝန်ရှိသူများက တုံ့ပြန်သည်။

ယခုတစ်ကြိမ် နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုခံထားရသူများတွင်  ဂွမ်နေးအယ်ဆိုသူနှင့် နိုင်ငံရေး အကြံပေးနှစ်ဦး ပါဝင်ကြောင်း သိရသည်။