အစ္စရေးအား လက်တုံ့ပြန်တိုက်ခိုက်ရန် အီရန်က ဆီးရီးယားရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်း

 

အစ္စရေးအား လက်တုံ့ပြန်တိုက်ခိုက်ရန် အီရန်က ဆီးရီးယားရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်း

 

    အီရန်နိုင်ငံသည်    အစ္စရေးအား လက်တုံ့ပြန်တိုက်ခိုက်ရန် အတွက် ဆီးရီးယားနိုင်ငံအတွင်းရှိ ၎င်းတို့၏   အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းလျက် ရှိကြောင်း WSJ  က ဆီးရီးယားနှင့် အီရန်အရာရှိများ၏  ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။

အီရန်စစ်ဘက်သည်   ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက  အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များအား ရာနှင့်ချီသော ဒုံးကျည်များ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးအား ထပ်မံတိုက်ခိုက်ရန် စီစဉ်လျက်ရှိသည် ဟူသော ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံ   ဒမတ်စကပ်မြို့ရှိ အီရန် ကောင်စစ်ဝန်ရုံးအား ဧပြီလ ၁ ရက်တွင် ဖြစ်ပွားသည့် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့မှ   အရာရှိ ခုနစ်ဦးသေဆုံးခဲ့ခြင်းအပေါ် လက်တုံ့ပြန် သည့်အနေဖြင့် အီရန်အစိုးရက   အစ္စရေးအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း WSJ က ဧပြီလ ၁၇ ရက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အီရန်စစ်ဘက်သည် အစ္စရေး၏ တိုက်ခိုက်မှုများကို ကြားဖြတ်တားဆီး ရန်အတွက် လေတပ်အား အသင့်ပြင်ဆင်လျက်ရှိပြီး မြေထဲပင်လယ်အတွင်းရှိ အီရန် ကုန်တင်သင်္ဘောများကို   ကာကွယ်ရန်အတွက် ရေတပ်ကိုလည်း   ဖြန့်ကြက်ထားကြောင်း WSJ  ကဆက်လက် ဖော်ပြထားသည်။

ထို့ပြင် အီရန်အနေဖြင့် အစ္စရေးအား ဆက်လက်၍ လက်တုံ့ပြန် တိုက်ခိုက်မည်ဟု သတိပေးထားကြောင်း သိရသည်။