တာချီလိတ်နှင့်လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

တာချီလိတ်နှင့်လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ  ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်-ဝမ်ပုံသွားကားလမ်းဘေးရှိ စိုးမင်းအောင် (ခ)ရေခဲ၏  လယ်တဲကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၇ နာရီတွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုနမ့်ကျေးရွာအနီးတွင် နေသူရိန် မောင်းနှင်ပြီး  မကြည်ကြည်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မကြည်ကြည်ဦး လွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(သတင်းစဉ်)