ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည်

ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည်

ရန်ကုန်၊ သာသနာရေး

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက် ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ထိုသို့ ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမပြုမီ အထက်ပစ္စယာရှိ စေတီရံများနှင့် နောင်တော်ကြီးစေတီတို့အား တစ်နှစ်ခန့်ကြိုတင်ပြီး ရွှေသင်္ကန်းကပ်လှူခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ယခုအခါ နောင်တော်ကြီး စေတီအား ရွှေသင်္ကန်းကပ်လှူပူဇော်မှု  လက်စသတ် ဆောင်ရွက်နေပြီဖြစ်သည်။

“ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူတာကို ငါးနှစ်တစ်ကြိမ်  ဆောင်ရွက်လေ့ရှိပါ တယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာလည်း လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူတာကို ဆောင်ရွက်မှာပါ။  အဲဒီလိုမဆောင်ရွက်မီ အထက်ပစ္စယာမှာရှိတဲ့ စေတီရံတွေနဲ့ နောင်တော်ကြီးစေတီတို့ကို တစ်နှစ် လောက်ကြိုတင်ပြီး ရွှေသင်္ကန်းကပ်လှူတာ ဆောင်ရွက်ခဲ့ပါတယ်။ အခု နောင်တော်ကြီးစေတီကို ရွှေသင်္ကန်း ကပ်လှူတာ လက်စသတ်နေပါပြီ။ အဲဒါပြီး သွားရင် ဒီလထဲမှာ အနေကဇာတင်လှူ ပူဇော်တာကို ဆက်လက်ဆောင်ရွက်ပါမယ်။ ရေစက်ချအခမ်းအနားကိုတော့ ဧပြီလ ၃၀ ရက်မှာ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာ ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။

ယခုအခါ ရွှေတိဂုံစေတီတော်အား ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရန်နှင့် အများပြည်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်နိုင်စေရန် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အပူဒဏ် သက်သာစေရန်  ရင်ပြင်တော်ရှိ  ကျောက် ပြားများအား ကော်ဖတ်စားခြင်း၊  ပေါ်လစ် တင်ခြင်းများကို  အပိုင်းများခွဲကာ ပြီးခဲ့သည့် သုံးလခန့်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ အပိုင်း (၁) တွင်  ရာနှုန်းပြည့်၊ အပိုင်း (၂) တွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။  

ဆောင်းဦး