ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးသော ပဲတီစိမ်း ၃၆၄၂ ဧက ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးသော ပဲတီစိမ်း ၃၆၄၂ ဧက ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့်၊ စိုက်ပျိုးရေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီက   စိုက်ပျိုးခဲ့သော ပဲတီစိမ်း ၃၆၄၂ ဧကရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို ဖေဖော်ဝါရီလ ပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ     လက်ရှိအချိန်ထိ ၃၆၄၂ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်သည်။

“ကန်ကြီးထောင့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲတီစိမ်း ၄၅၆၁ ဧက လျာထား စိုက်ပျိုး ခဲ့ပါတယ်။ လျာထားချက်ထက် ကျော်လွန်ပြီး ပဲတီစိမ်း ဧက ၅၂၈၀  အထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဧက  ၃၆၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။  လျာထား ချက်ပြည့်မီအောင် စိုက်ပျိုး နိုင်ဖို့ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို စနစ်တကျ စီမံဆောင်ရွက်ခဲ့ပါတယ်” ဟု ဦးဝင်းစိုးက ပြောသည်။

အဆိုပါစိုက်ပျိုးခဲ့သော ပဲတီစိမ်းများရိတ်သိမ်းရာတွင် တစ်ဧကလျှင် အထွက်နှုန်း ၁၂ ဒသမ ၄၆  တင်း အထိ ထွက်ရှိခဲ့ကြောင်း၊ ပဲတီစိမ်းအပါအဝင် ဆောင်းသီးနှံများ လျာထားချက်အတိုင်း ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုတကျော်