မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ကြီး၏ ဒုတိယနေ့တရားပွဲတွင် တရားနာ ပရိသတ်တစ်သောင်းကျော် လာရောက်တရားတော်နာယူ

မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ကြီး၏ ဒုတိယနေ့တရားပွဲတွင် တရားနာ ပရိသတ်တစ်သောင်းကျော် လာရောက်တရားတော်နာယူ

ရန်ကုန်  ဧပြီ  ၁၉

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ နှစ်ဆန်းနှစ်ရက်နေ့ သာသနာတော်နှစ် ၂၅၆၇ ခုနှစ် ခရစ်သက္ကရာဇ်  ၂၀၂၄ ခုနှစ် ဧပြီလ  ၁၈  ရက် ညပိုင်းက  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ နှစ်သစ်ကူးအထူးဓမ္မသဘင် တရားပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် လုပ်ငန်းကော်မတီများမှ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အထူးဓမ္မသဘင်တရားပွဲသို့ လာရောက်ကြသည့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ တရားနာပရိသတ်များအား သက်သတ်လွတ်ဒံပေါက်၊ ကြက်သား ထမင်း ကြော်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းနှင့် အအေးမျိုးစုံတို့အား စတုဒိသာလှူဒါန်းနေမှုများ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အနုပညာ အထက်တန်းကျောင်းမှ အနုပညာရှင်များက မင်္ဂလာဆိုင်းတော်နှင့်တွဲဖက်၍ ဓမ္မပူဇာတေးများ သီဆို၍ ပူဇော်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြား တော်မူမည့် မဇ္ဈိမ ဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏  ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ ဓမ္မကထိက ဗဟု ဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မဟာဂန္ဓဝါစက ပဏ္ဍိတ၊ မဟာစည်နာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တက္ကသီ လဓမ္မာစရိယ B.A(Buddhism), M.A (Buddhist Studies, India), Ph.D (Sanskrit University India) ကြွရောက်လာချိန်တွင် သာသနာ့အလံများခြံရံ၍ ထီးဖြူမိုးပြီး ဓမ္မပလ္လင်ထက်သို့ ပင့်ဆောင်တော်မူကြပြီး ဆရာတော်ကြီးတရားတော်များကိုကြည်ညို စွာနာယူတော်မူ ကြသည်။

၎င်းနောက် ဆရာတော်ကြီးက အောင်မြင် ကြီးပွားအကြောင်းတရား ခေါင်းစဉ်ဖြင့် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ရာတွင် အောင်မြင်ကြီးပွားရေးအတွက် ကျန်းမာရေးနှင့်ပြည့်စုံအောင်   နေထိုင်ရမည့် အခြေခံအချက်များတွင် ရုပ်ကျန်းမာ ရေးကအရေးကြီးသလို စိတ်ကျန်းမာရေး၏ အရေးကြီးပုံများ၊ ကိုယ်ကျင့်သီလကိုဖြူစင် အောင်ထားပြီး ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင်နှင့် ကျိုးပေါက်မှု မရှိစေရေးသီလကို လုံခြုံအောင်ထိန်းသိမ်းထားရန်၊ အသက်အရွယ်ကြီးမား၍ ဂုဏ်ရှိန် ဂုဏ်ဝါရှိသော ပညာရှိသူတော်ကောင်းများ၊ ရဟန်း၊ သံဃာ တော်များ၊ ဆရာသမားများနှင့် မိဘနှစ်ပါး၏ ပြောဆိုဆုံးမမှုများကို နားထောင်၍ ကျင့်သုံးမှသာ အောင်မြင်ကြီးပွားမှု ရရှိနိုင်မည့်အခြေ အနေများ၊ ပညာ၊ ရာထူး၊ ဂုဏ်ရှိန်နှင့် စီးပွားတိုးတက်၍ ချမ်းသာမှုရရှိစေရန် အကြား အမြင်ဗဟုသုတရှိအောင်  အစဉ်ကြိုးပမ်း ဆောင်ရွက်နေရန်၊ သုစရိုက်ဆယ်ပါးအမြတ်တရားကျင့်ပွားနေထိုင်ရန်နှင့် ပျင်းရိခြင်း မရှိ အလုပ်ကိုအချိန်အခါနှင့်အညီ ကြိုးစားမှသာ အောင်မြင်ကြီးပွားနိုင်မည့်အကြောင်း တရားများကို ဟောကြားတော်မူသည်။

ထို့နောက် ဆရာတော်က တရားနာပရိသတ်များအား တရားပွဲအပြီးတွင် ၁၀ မိနစ်ခန့်ငြိမ်သက်၍  ဝိပဿနာ တရားအားထုတ်စေသည်။ ယင်းနောက် တရားပွဲတွင် လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကြပြီး ၃၁ ဘုံသားတို့ အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သိရသည်။

အဆိုပါတရားပွဲတွင် နဝကမ္မအလှူငွေ တစ်ထောင့်တစ်ဆယ့်ခုနစ်သိန်းလေးထောင့် ငါးရာကျပ်နှင့် ထိုင်းဘတ်ငွေ တစ်ရာရရှိခဲ့ကြောင်းနှင့် တရားပွဲသို့တရားနာပရိသတ် တစ်သောင်းကျော် တရားတော် နာလာရောက်ခဲ့ကြောင်း၊ တရားနာပရိသတ်များအတွက် မိမိတို့နေထိုင်သည့် အနီးဆုံးနေရာအထိ မော်တော်ယာဉ်များဖြင့် အသွား/အပြန်စီစဉ် ပေးထားကြောင်းလည်းသိရသည်။

ဝန်းရံခ