ဂျကာတာမြို့ရှိ ပန်းချီကားပေါင်ရောင်းချသည့် နေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်း၊ လူခုနစ်ဦးသေဆုံး

ဂျကာတာမြို့ရှိ ပန်းချီကားပေါင်ရောင်းချသည့် နေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်း၊ လူခုနစ်ဦးသေဆုံး

ဂျကာတာ၊ မတော်တဆမှု

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ ပန်းချီကားပေါင်ရောင်းချသည့် နေအိမ်တစ်လုံးတွင် မီးလောင် ကျွမ်းမှုဖြစ်ပွားရာ လူခုနစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် မန်ပန်ပရာပါတန် ရာယာလမ်းရှိ အထပ်မြင့် အဆောက်အအုံ၏ ဒုတိယ ထပ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဧပြီလ ၁၉ ရက်တွင် ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဒေးဗစ်ကာနီတေရိုက ပြောသည်။ သေဆုံးသူများတွင် လူကြီး ငါးဦး၊ ကလေးငယ်နှစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မီးလောင်မှုအတွင်း ဒဏ်ရာရရှိသူ ငါးဦးကိုလည်း အာဏာပိုင်အဖွဲ့က ဆေးရုံရှိ အထူးကြပ်မတ် ဆောင်တွင် ဆေးကုသမှု ခံယူစေလျက်ရှိသည်။ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန်အတွက် အာဏာပိုင် အဖွဲ့က မီးသတ်ကား ၂၄ စင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ဦးကို စေလွှတ်ခဲ့ရကြောင်း သိရသည်။

Ref: Xinhua, Voi