ဆယ်ကျော်သက်အရွယ်များ၏ အကြမ်းဖက်မှုများကို နှိမ်နင်းမည်ဟု ပြင်သစ်ကြေညာ

ဆယ်ကျော်သက်အရွယ်များ၏ အကြမ်းဖက်မှုများကို နှိမ်နင်းမည်ဟု ပြင်သစ်ကြေညာ

ဗီရီချာတီလွန်၊ အကြမ်းဖက်မှု

ပြင်သစ်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများနှင့် အနီးတစ်ဝိုက်တွင် ဆယ်ကျော်သက် အရွယ်များ၏ အကြမ်းဖက်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဂါဘရီးယဲလ် အက်တယ် ကကြေညာသည်။

ဂါဘရီးယဲလ်၏ ကြေညာချက်သည် နိုင်ငံအရှေ့ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်း ၏အပြင်ဘက်၌  ကျောင်းသူနှစ်ဦး ဓားထိုးမခံရမီ နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဓားထိုးခံရသည့် ကျောင်းသူများတွင် တစ်ဦးမှာ အသက် ၁၁ နှစ်နှင့် ကျန်တစ်ဦးမှာ အသက်ခုနစ်နှစ်သာရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဗီရီချာတီလွန်မြို့၌ ဖြစ်ပွားခြင်းဖြစ်ပြီး ရာဇဝတ်မှုများတွင် ဆယ်ကျော်သက် များ၏ ပါဝင်မှုသည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် မကြာမီကာလအတွင်း ဆယ်ကျော်သက်အရွယ်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် ထိတ်လန့်တုန်လှုပ်မှုများဖြစ်ပွားခဲ့ရသည်။ ထို့ပြင် ဧပြီလအစောပိုင်းကလည်း ပဲရစ်မြို့ပြင်၌ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး   အသေရိုက်နှက်ခြင်း ခံခဲ့ရသည်။ ၎င်းဆယ်ကျော်သက် အား အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ၎င်းကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော် လည်း ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း သိရသည်။                      

Ref: ST