လေးမျက်နှာမြို့နယ်၌ ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းတံတားသစ်ဖွင့်

လေးမျက်နှာမြို့နယ်၌ ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းတံတားသစ်ဖွင့်

လေးမျက်နှာ၊ ဒေသဖွံ့ဖြိုးရေး

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    ခမောက်စု ကျေးရွာ၌ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့်  ဆောင်ရွက်သော ခမောက်စု-နွယ်နီရိုး  ကျေးလက်ကုန်ထုတ် လမ်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင်   ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး    ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ် လမ်းတံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ  ကျေးလက်ကုန်ထုတ်လမ်း တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၂၇၄ ဒသမ ၂ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တင်ဒါစနစ်ဖြင့်ဆောင်ရွက်ရာ Myanma Amazing Power Co.,Ltd.  အရှည် ၁ မိုင် ၆ ဒသမ ၅၈၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျောက်ချော လမ်းခင်းခြင်းနှင့် ကွန်ကရစ်တံတား နှစ်စင်း၊ Slab Culvert နှစ်စင်းအား တာဝန်ယူဆောင်ရွက် ခြင်းဖြစ်ပြီး ယခုအခါ လေးမျက်နှာမြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့မှ   ကျေးရွာပေါင်း ၁၆ ရွာမှ အိမ်ထောင် စု ၃၂၀၀ စုတို့၏ လယ်မြေစိုက်ဧက ၁၂၀၀၀ မှရရှိလာမည့် ကုန်ကြမ်းထွက်ကုန်နှင့် ကုန်ချော ထုတ်ကုန်များအား ဈေးကွက်အတွင်းသို့ လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။       

 တေဇာလင်း