ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) စပိန်လာလီဂါပွဲစဉ်(၃၂)နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၀)ပွဲကြို သုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) စပိန်လာလီဂါပွဲစဉ်(၃၂)နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၃၀)ပွဲကြို သုံးသပ်ချက်

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲဆက် ရှုံးနိမ့် ထားတဲ့  ဝုဗ်အသင်းရဲ့ခြေစွမ်းပိုင်းက  အတော်လေး ဆိုးရွားနေပြီး ဝုဗ်အသင်းခံစစ်ပိုင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲစလုံး ပုံစံကောင်း ပျောက်ဆုံး နေပါတယ်။ ဝုဗ်အသင်းအတွက် လက်ကျန်ပွဲစဉ်တွေမှာ တန်းဆင်းဇုန်ဖိအားမရှိလို့   ရမှတ်လိုအပ်ချက် မရှိတော့ပါဘူး။    ဒီဘောလုံးရာသီမှာ   ဝုဗ်အသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်းကလည်း    သာမန် အနေအထားမှာသာရှိတာကြောင့် အိမ်ကွင်း ၁၅  ပွဲ ကစားပြီးချိန်မှာ ခုနစ်ပွဲသာအနိုင်ရရှိပြီး သုံးပွဲသရေ ရလဒ်နဲ့ ငါးပွဲရှုံးနိမ့်ထားပါတယ်။  ဝုဗ်အသင်းခံစစ် ပိုင်းကလည်း  ၅၁ ဂိုးအထိပေးထားရလို့ ခံစစ်ပိုင်း စိတ်ချလို့မရတဲ့ အသင်းတွေထဲ ပါနေတာကြောင့် အာဆင်နယ်အသင်း တိုက်စစ်ပိုင်းကို ပွဲချိန်ပြည့် ထိန်းချုပ်ဖို့ ခက်ခဲမှာပါ။

အာဆင်နယ်အသင်းကတော့ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသေးလို့ လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိဖို့လိုအပ်နေတာကြောင့်   အဝေးကွင်းမှာ  အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိအမှတ်ပေးဇယားမှာ မန်စီးတီးအသင်းက ရမှတ် ၇၃ မှတ်နဲ့ ဦးဆောင်နေ တယ်ဆိုပေမယ့် အာဆင်နယ်အသင်းကလည်း ရမှတ် ၇၁ မှတ်နဲ့ အဆင့်(၂)နေရာမှာရှိနေပြီး ရမှတ်နှစ်မှတ် အကွာနဲ့ဖိအားပေးနေသလို လီဗာပူးအသင်းက လည်း ရမှတ် ၇၁ မှတ်နဲ့ အဆင့်(၃)နေရာကနေ ဖိအားပေး နေလို့ ချန်ပီယံဆုအတွက် သုံးသင်းအားပြိုင် နေချိန်မှာ အာဆင်နယ်အသင်းက လက်ကျန်ပွဲစဉ်အားလုံး  အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ အာဆင်နယ် အသင်းက ဒီပွဲစဉ်ပြီးရင် ချယ်လ်ဆီးအသင်း၊ စပါးအသင်းတို့နဲ့ ကစားရမှာဖြစ်လို့  အခုပွဲစဉ်မှာတော့  မဖြစ်မနေ ရမှတ်သုံးမှတ်ရရှိဖို့ ပြင်ဆင်လာမှာပါ။ အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ    အက်စ်တွန်ဗီလာ အသင်းကို  ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့်  လက်ရှိခြေစွမ်း ပိုင်းကတော့ အဝေးကွင်းဆို ပေမယ့်  ဝုဗ်အသင်းကို အနိုင်ရယူနိုင်စွမ်းအပြည့်ရှိပါတယ်။ အာဆင်နယ် အသင်းက  ဒီဘောလုံးရာသီ အဝေးကွင်း  ၁၆ ပွဲ ကစားပြီးချိန်မှာ ၁၀ ပွဲအနိုင်ရရှိထားပြီး သုံးပွဲသရေ ရလဒ်နဲ့   သုံးပွဲသာရှုံးနိမ့်ခဲ့လို့   ဒီဘောလုံးရာသီ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်း    အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ သုံးကြိမ်မှာလည်း အာဆင်နယ်အသင်းက  သုံးကြိမ်စလုံးအနိုင် ရရှိထားပြီး လက်ရှိခြေစွမ်းပိုင်းကလည်း အသာစီးမှာရှိနေလို့ မဖြစ်မနေ အနိုင်သုံးမှတ်ရယူမယ့် အာဆင်နယ်အသင်းပဲ အနိုင်ရမှာပါ။

ခန့်မှန်းရလဒ်- ဝုဗ် ၁ - ၃ အာဆင်နယ်

ဂီရိုနာအသင်းက နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ သုံးပွဲရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တိုင်းက လည်း  အဝေးကွင်းပွဲစဉ်တွေဖြစ်နေပြီး   အိမ်ကွင်း ဆိုရင်တော့ ကစားပုံကောင်းမွန်တဲ့အသင်း တစ်သင်း ပါ။ ဂီရိုနာအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ် ပိုင်း   မတည်ငြိမ်မှုတွေကြောင့်  ချန်ပီယံလိဂ်ဝင်ခွင့် အတွက်တောင်  အနည်းငယ်စိုးရိမ်စရာဖြစ်လာလို့  အခုအိမ်ကွင်းပွဲစဉ်မှာတော့   ရမှတ်ပြည့်ရရှိအောင် ပြင်ဆင်လာမှာပါ။ ဂီရိုနာအသင်းက ဒီဘောလုံးရာသီ အိမ်ကွင်း  ၁၅ ပွဲကစားပြီးချိန်မှာ ၁၂ ပွဲအနိုင်ရရှိခဲ့ပြီး နှစ်ပွဲရှုံး၊  တစ်ပွဲသရေရလဒ်နဲ့   အက်သလက်တီကို အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ပြီးရင်  အိမ် ကွင်းစွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ်    ရပ်တည်နေပါတယ်။   ဂီရိုနာအသင်းက  ဒီဘောလုံး ရာသီ အိမ်ကွင်း ၁၅ ပွဲမှာ အသင်းတိုက်စစ်ပိုင်းက ၃၈ ဂိုးအထိရရှိအောင် စွမ်းဆောင်ထားလို့   ထိပ်တန်းအသင်းကြီးတွေကိုကျော်ဖြတ်ပြီး    အိမ်ကွင်း တိုက်စစ်ပိုင်း   စွမ်းဆောင်ရည် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။

ကာဒစ်အသင်းကတော့ လက်ရှိမှာ တန်းဆင်းဇုန် ထဲရောက်နေလို့ သေချာပြင်ဆင်ကစားနေတယ်ဆို ပေမယ့် အဝေးကွင်းဆိုရင်တော့ ခြေစွမ်းပိုင်းတည် ငြိမ်မှုမရှိဘဲ ရုန်းကန်နေရဆဲပါ။ ကာဒစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးတဲ့အထိ    အဝေးကွင်းစွမ်းဆောင်ရည် ပိုင်းက     စိတ်ပျက်စရာ ကောင်းလောက်အောင် ကျဆင်းနေပါတယ်။ ကာဒစ်အသင်းက ဒီဘောလုံးရာသီ အဝေးကွင်း ၁၅ ပွဲမှာ တစ်ပွဲမှနိုင်ပွဲမရရှိသေးလို့  ဂီရိုနာအသင်းတိုက်စစ်ပိုင်းကို  ထိန်းချုပ်နိုင်ဖို့တော့ ခက်ခဲနေမှာပါ။

ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာတော့ သုံးကြိမ်စီ အပြန်အလှန်အနိုင်ရယူထားပြီး နှစ်ကြိမ် သရေရလဒ်ထွက်ပေါ်ထားလို့ ဘယ်အသင်းကမှ အသာစီးမှာမရှိပါဘူး။  ဒါပေမဲ့  ဒီဘောလုံးရာသီ ခြေစွမ်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ ဂီရိုနာ အသင်းက  အသာစီးမှာရှိနေလို့  ဂီရိုနာအသင်းပဲ နိုင်ပွဲရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်- ဂီရိုနာ ၂ - ၀ ကာဒစ်

ဟီဒန်ဟိန်းအသင်းက   တန်းဆင်းဇုန်အတွက် ဖိအားမရှိတော့လို့ ရလဒ်ပိုင်းက ပူစရာမရှိတော့ပါဘူး။ ဟီဒန်ဟိန်းအသင်းက နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားပြီး သုံးပွဲသရေရလဒ်နဲ့ တစ်ပွဲရှုံးနိမ့်ထားပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ရုန်းကန်နေရပါတယ်။ ဟီဒန်ဟိန်းအသင်းက  ဒီဘောလုံးရာသီ  အိမ်ကွင်း ၁၄  ပွဲကစားပြီးချိန်မှာ ခြောက်ပွဲနိုင်၊ လေးပွဲသရေနဲ့    လေးပွဲရှုံးနိမ့်ထားလို့ စွမ်းဆောင်ရည်ပိုင်းကတော့ ပုံမှန်အနေအထားမှာ ပဲရှိပါတယ်။ ဒါပေမဲ့ ဟီဒန်ဟိန်းအသင်းက အိမ်ကွင်း ဆိုရင် အသင်းလိုက်ကစားပုံကောင်းမွန်ပြီး ဘိုင်ယန်မြူးနစ်အသင်းကိုတောင် အနိုင်ရရှိထားတာ ကိုတော့ သတိပြုရမှာပါ။    လက်ရှိအချိန်မှာ   လိုက်ပဇစ် အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ် လိုအပ်ချက်ရှိနေလို့ ခက်ခဲမှာပါ။

လိုက်ပဇစ်အသင်းကတော့ ရမှတ် ၅၆  မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတယ် ဆိုပေမယ့် အဆင့်(၅)နေရာက ဒေါ့မွန်အသင်းက ရမှတ်တူနဲ့ဖိအားပေးနေလို့   ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မရတော့ ပါဘူး။ လိုက်ပဇစ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာအာရုံစိုက် ကစား နေတာတော့ သိသာပါတယ်။ လိုက်ပဇစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာလည်း လေးပွဲအနိုင် ရရှိထားပြီး တစ်ပွဲသရေရလဒ်ထွက်ပေါ်ထားပါတယ်။ လိုက်ပဇစ်အသင်းက ဒီဘောလုံး ရာသီ အဝေးကွင်း ၁၄   ပွဲမှာ  ခုနစ်ပွဲအနိုင်ရရှိထားပြီး    နှစ်ပွဲသရေ ရလဒ်နဲ့ ငါးပွဲရှုံးနိမ့်ထားလို့ အဝေးကွင်းဆိုရင် ခြေစွမ်း ပိုင်းတည်ငြိမ်မှု     အားနည်းနေတယ်ဆိုပေမယ့်   လက်ရှိရမှတ် လိုအပ်ချက် ကြောင့်   အဝေးကွင်းမှာ အမှားခံမှာမဟုတ်ပါဘူး။    လိုက်ပဇစ်အသင်းရဲ့ ဒီဘောလုံးရာသီ အသင်း တိုက်စစ်ပိုင်းက  ၂၉  ပွဲ ကစားပြီးချိန်မှာ ၆၇ ဂိုးအထိသွင်းယူထားလို့ လေဗာ ကူဆင်အသင်းနဲ့  ဘိုင်ယန်မြူးနစ် အသင်းတို့ပြီးရင် တိုက်စစ်ပိုင်း စွမ်းဆောင်ရည်အကောင်းဆုံးအသင်း အဖြစ်ရပ်တည် နေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ  ကြည့်မယ်ဆိုရင်တော့ ဟီဒန်ဟိန်းအသင်းက ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိ သလို ရလဒ်ပိုင်းမှာလည်း ဖိအားရှိမနေပါဘူး။ လိုက်ပ ဇစ်အသင်းကတော့ ခြေချော်ခဲ့မယ်ဆိုရင် လာမယ့် ဘောလုံးရာသီမှာ    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လွဲချော်နိုင်တဲ့အခြေအနေတွေကြောင့် အမှားခံလို့ မရတဲ့ လိုက်ပဇစ်အသင်းပဲအနိုင်ရရှိမှာပါ။

ခန့်မှန်းရလဒ်- ဟီဒန်ဟိန်း ၁ -၂ လိုက်ပဇစ်