ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ လွှဲကြီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ လွှဲကြီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လွှဲကြီးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန် ရှိသူများက လွှဲကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။