မြောက်ကိုရီးယားက မဟာဗျူဟာမြောက် အနိမ့်ပျံဒုံးကျည် အတွက် အကြီးစား ထိပ်ဖူးကိုစမ်းသပ်

 

မြောက်ကိုရီးယားက မဟာဗျူဟာမြောက် အနိမ့်ပျံဒုံးကျည် အတွက် အကြီးစား ထိပ်ဖူးကိုစမ်းသပ်

 

    မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ မဟာဗျူဟာမြောက် အနိမ့်ပျံ ဒုံးကျည်များ အတွက် အကြီးစားထိပ်ဖူးများ၏ စွမ်းအားကို စမ်းသပ်မှု ပြုလုပ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

အလားတူ မြောက်ကိုရီးယားနိုင်ငံသည် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားအသစ် တစ်မျိုးကိုလည်း  ယခုသီတင်းပတ်တွင် ပင်လယ်ဝါအတွင်း လုပ်ဆောင်ခဲ့ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ လုပ်ဆောင်သော စမ်းသပ်မှုများမှတစ်ဆင့်   သတ်မှတ်ထားသော ရည်မှန်းချက်ကိုရရှိခဲ့ကြောင်း သတင်းဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အောင်မြင်စွာ   စမ်းသပ်နိုင်ခဲ့သော ထိပ်ဖူးကို Hwasal-1 Ra-3 အနိမ့်ပျံ ဒုံးကျည်တွင် တပ်ဆင်ရန် ဒီဇိုင်းရေးဆွဲထားပြီး လေယာဉ်ပစ် ဒုံးကျည်မှာမူ Pyoljji-1-2 ဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့သော စမ်းသပ်မှုများ လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယား ဒုံးတပ်ဖွဲ့၏ ပုံမှန်လုပ်ရိုးလုပ်စဉ်များသာ ဖြစ်ကြောင်း သိရသည်။